MNP - အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး အတွက် လိုက်လံစစ်ဆေးအကြံပြုခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှု များ၊ လိုအပ်တဲ့စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ သက်ဆိုင်ရာကျောင်း တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့တို့မှ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment