MNP - အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ ဈေး၌ ယနေ့နံနက်က အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။
အဆိုပါစားသုံးကုန်များရောင်းချရာသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့မှ ဈေးရောင်း၊ ဈေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဖြင့် ဆန်(၁၀)အိတ်၊ ကြက်ဥ (၃)လုံး ၅၀၀ ကျပ်နှုန်းဖြင့် ကြက်ဥ (၁၀၀၀)လုံးနှင့် ဟင်းသီး၊ ဟင်းရွက်များ ရောင်းချပေးခဲ့သည်။
အင်္ဂပူမြို့နယ်၌ ကုန်စည်ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment