ကရင်ပြည်နယ်ရှိ နေကြာစိုက်တောင်သူများအား ထောက်ပံ့ငွေနှင့် နေကြာမျိုးများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ရှိ နေကြာစိုက်တောင်သူများအား ထောက်ပံ့ငွေနှင့် နေကြာမျိုးများပေးအပ်



MNP ၊ အောက်တိုဘာ ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၉-၁၀-၂၀၂၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် နေကြာမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဆီးထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခဲတောက်ကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ပေါ့ထော်ကျေးရွာနှင့် မင်းဇီတောင်သူကျေးရွာ လေးရွာအတွက် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်(ဆီထွက်သီးနှံ) ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၂၀၀ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဒုတိယဦးစီးမှူးက စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် ရေဆင်းစပ်မျိုး နေကြာ(၁) မျိုးအိတ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။


အဆိုပါ ကရင်ပြည်နယ်ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ဘားအံမြို့နယ်အတွင်း ဆန်စက်၊ ဆီစက်များ တည်ဆောက်ရေးကိစ္စ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။


ထို့ပြင်ဒုတိယဝန်ကြီးသည် ဘားအံစက်မှုဇုန်ရှိ သမဝါယမအသင်းပိုင် ဆန်စက် တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွား EM Super Bokashi သဘာဝအားဖြည့် မြေဩဇာစက်ရုံနှင့် ဩဇာမင်း သဘာဝဇီဝမြေဩဇာစက်ရုံတို့ကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် အရှည်ပေ ၃၃၀၀ ရှိ မွန်ဆရီးကျေးရွာအဝင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)