မွန်ပြည်နယ်ဝန်ကြီးချုပ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံး အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံး အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်



MNP - အောက်တိုဘာ   ၁၅


၂ဝ၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပြည် နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာမွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများက တစ်ဦးချင်းမိတ်ဆက် ဂါရဝပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင်လူငယ်၊ လူရွယ်များ ကျန်းမာသန် စွမ်းပြီးကိုယ်ကာယကြံ့ခိုင်စေရန်၊အားကစား လှုပ်ရှားမှုများမှာ ပါဝင်ကြရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြု လုပ်ပေးလျက်ရှိကြောင်း၊ အားကစားသမားများ အနေနဲ့ ဇွဲ၊ လုံးလ၊ ဝီရိယအပြည့်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားကြရန် လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကို ပေါင်းစပ်၍ စိတ်ဓါတ်ကောင်းမွန်ခြင်းကိုအခြေခံပြီး တရားမျှတစွာဝင်ရောက် ယှဉ်ပြိုင်ကြရန် လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင် ပေးနိုင်အောင်ရုံမျှမကနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံကြိုးစားသွားကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည် ဖြစ် ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအားအောင်နိုင်ရေးအလံပေးအပ်၍ အသင်းတာဝန်ရှိသူများမှပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့်လေ့ကျင့်ဆောင် ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကာ ပြိုင်ပွဲ ဘောလုံး အသင်းအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)