ကျိုင်းတုံမြို့နယ်၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ   ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းမြိုင်နှင့် တာဝန်ရှိသူများက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


အဆိုပါကျောင်း အဆင့်တိုးမြှင့်ပေးသည့်အတွက် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းအဆင့်ပညာရေးကို အဝေးသို့ သွားရောက်သင်ယူစရာမလိုပဲ ကိုယ့်ရပ်ကိုယ့်ဒေသမှာပင် အလွယ်တကူ အဆင်ပြေစွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)