ကမာဝက်မြို့တွင် ဆံတော်ရှင် ကျိုက်တမော့ ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် (၁၂၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲနှင့် (၃၈) ကြိမ်မြောက် ပဒေသာပင် လောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာဝက်မြို့တွင် ဆံတော်ရှင် ကျိုက်တမော့ ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် (၁၂၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲနှင့် (၃၈) ကြိမ်မြောက် ပဒေသာပင် လောင်းလှူပွဲ ကျင်းပ

 


MNP - အောက်တိုဘာ   ၁၅


မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်  မြို့လုံးကျွတ်  (၁၂၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ နှင့်  (၃၈)ကြိမ်မြောက် ပဒေသာပင်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက မြို့တွင်းလမ်းတလျှောက်၌ ကျင်းပသည်။


ဆွမ်းကြီးလောင်းလှူပွဲတွင် ဘုန်းတော်ကြီးကျောင်း (၁၆၁)ကျောင်းမှ  ပင့်သံဃာတော်၊ သီလရှင်စုစုပေါင်း အပါး (၆၀၀)ကျော်တို့အား မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကမာဝက်မြို့သူ၊ မြို့သားများတို့က ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။  ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ ကို  ဆရာတော်  အရှင်သူမြတ်များ စိတ်အေးချမ်းသာစွာအလှူခံ ကြွရောက်တော်မူနိုင်ရေးအတွက် ကျေးရွာသူ/သားများနှင့် တာဝန်ရှိများက ဝိုင်းဝန်း ကုသိုလ်ပြုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင်  (၃၈)ကြိမ်မြောက်  ကမာဝက်မြို့လုံးကျွတ်  ပဒေသာပင်လောင်းလှူပွဲတွင်  ပင့်သံဃာတော် အရှင်သူမြတ်များအား ကျောင်းအလိုက် စာရေးတံ မဲပဒေသာပင်များကို မဲစနစ်ဖြင့် (၁၇) သိန်းကျပ် တစ်ဆု၊ (၁၀) သိန်းခွဲကျပ် တစ်ဆု၊ (၁၀) သိန်းကျပ် နှစ်ဆု၊ (၅) သိန်းကျပ် လေးဆုနှင့် ကျန်ဆုများကို အလှူရှင်များမှ အသီးသီးလှူဒါန်းခဲ့ရာ စုစုပေါင်း ပဒေသာပင် ငွေကျပ် (၂၇၀) သိန်းကျော်ကို ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း (၁၆၁) ကျောင်းအား လှူဒါန်းခဲ့ကြကြောင်း ဝေယျာဝစ္စအဖွဲ့ထံမှ သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)