MNP - အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မိုင်းရှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၀) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၇၅၀)ပါးခန့်က အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်ကျောင်းမှ မြို့လယ်ဘုရားကြီးကျောင်းသို့ ကြွရောက် အလှူခံ တော်မှုရာ ဒါယကာ၊ ဒါယိကာမများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်နီး ရပ်ဝေး အလှူရှင်များက ဝတ္ထုငွေအစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
သတင်း - သန်းလူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment