ဖျာပုံမြို့၌မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ဖျာပုံခရိုင်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ဖျာပုံခရိုင်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး



MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဖျာပုံခရိုင်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


အဆိုပါ ဘဏ်လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရာတွင် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်(ရုံးချုပ်)မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) စာရင်းစစ်ဆေးထိန်းသိမ်းရေးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းထိုက်က အချိန်စေ့လွန်ကြွေးကျန်များ ထိရောက်စွာကျဆင်းရေး၊စိုက်ပျိုး စရိတ် ချေးငွေထုတ်ချေးကာလနှင့် ပြန်ဆပ်ရမည့်ကာလများ၊ စိုက်ပျိုးစရိတ်ချေးငွေများနှင့် ကိုဗစ်-၁၉ အထူး ချေးငွေဆိုင်ရာ ဖြေလျှော့ဆောင်ရွက်မှုအခြေအနေများ၊ ချေးငွေကျန်များဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းမန်နေဂျာ ဦးအေးသိန်းနှင့် ဖျာပုံခရိုင်ဘဏ်ခွဲ မန်နေဂျာတို့မှ စိုက်ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ၊ မိမိတို့ ဌာနအနေဖြင့် ထုတ်ချေးပေးလျက်ရှိသော ချေးငွေအမျိုးအစားများ၊ ချေးငွေထုတ်ချေးပေး ထားမှုအခြေအနေ၊ ကိုဗစ်-၁၉ ချေးငွေထုတ်ချေးထားမှု အခြေအနေများ၊ ဖွံ့ဖြိုးရေးချေးငွေ JICA(TSL) MEB(TSL) ထုတ်ချေးပေးထားမှုအခြေနေများ၊ အချိန်စေ့လွန် ကြွေး (NPL)ချေးငွေကျန်ရှိမှုအခြေအနေများ၊ ဘဏ်ခွဲ၏ ထုတ်ချေးရေးနှင့် ကောက်ခံရေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများက မိမိတို့သိရှိလိုသည်များ အကြံပြုဆွေးနွေးပြောကြားကြရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ ဦးဆောင်ညွှန်ကြားရေးမှူးမှ ပြန်လည်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)