ပခုက္ကူမြို့၌ (၈)ခန်းတွဲ (၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံး တည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ (၈)ခန်းတွဲ (၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံး တည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး



MNP - အောက်တိုဘာ   ၃


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံး တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ(၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၉၈၉)သန်းဖြင့် (၈)ခန်းတွဲ(၅) ထပ်နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှ စတင်ပြီး တာဝန်ယူအကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ရက်နေ့အထိ တည်ဆောက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအဆောက်အဦ၏ အကျယ်အဝန်းမှာ စတုရန်ပေပေါင်း (၃၃၈၂၂) ပေရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း(၈)ခန်းပါရှိသည့်(၅)ထပ် အဆောက်အဦတစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောသည်။


သတင်း - ဘာမီသာ


မြန်မာရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)