စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ   ၁၇


ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ်(၂/ ၂၀၂၂) သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ကြိုဆိုပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းသား/ သင်တန်းသူများဟာ မိမိတို့ရဲ့ဝါသနာ၊ ဆန္ဒများနဲ့အညီ ဒီကျောင်းတော်ကြီးမှာ ရောက်ရှိလာတဲ့အတွက် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း ကျောင်း၏စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချပေးမဲ့ ပညာရပ်တွေကို ကြိုးစားသင်ယူသွားကြပြီး မိမိတို့ကျရာနေရာဒေသရောက်ရှိတဲ့အခါ ကျောင်းသား/ ကျောင်းသူများကို ပြန်လည်သင်ကြားပြသပေးရမှာဖြစ်တဲ့အတွက် စံနမူနာကောင်းဖြစ်တဲ့ ဆရာ/ ဆရာမကောင်းများဖြစ်အောင် ပြောဆိုပြုမှု နေထိုင်သွားကြစေလိုပြီး နိုင်ငံတော်က အားထားရမဲ့ ဆရာ/ ဆရာမကောင်း များဖြစ်အောင် ကြိုးစားသွာရမှာဖြစ်သလို နိုင်ငံတော်မှ အားထားရတဲ့ သားကောင်း/ သမီးမွန်များဖြစ်အောင်လည်း သင်ကြားပြသပေးသွားကြပါလို့ ပြောကြားကာ ခရိုင်ပညာရေးမှူးက ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားပေးခဲ့သည်။


အဆိုပါသင်တန်းသို့ သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၂၁၉)ဦး၊ စုစုပေါင်း(၂၃၆)ဦး တက်ရောက်ကြကာ သင်တန်းသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)