MNP - အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါကျွတ်လပြည့်နေ့ မိုးလင်းအရုဏ် (၅) နာရီအချိန်တွင် ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆင်းတုတော်နှင့်အတူ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၇) ကျောင်းမှ သံဃာတော်အပါး (၁၀၀) ကျော်တို့သည် ဝါတော်ကြီး ငယ်စီတန်းလျက် လောကထိပ်ပန်ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်စုရပ်မှ သင်္ဘောဆိပ်လမ်းတစ် လျှောက်ဆွမ်းခံကြွလာကြကာ လမ်းဘေးဝဲယာတစ်လျှောက် မြို့သူမြို့သားများက ဆွမ်းထမင်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချို၊ အချဉ်စသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို တပျော်တပါး ကုသိုလ်ဒါနပြု လောင်းလှူခဲ့ကြသည်။
ထိုသို့ ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံအရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို မြို့ပေါ်ရှိ ပရဟိတ ရွှေပန်းထိမ်လူငယ်များအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါကျွတ်လပြည့်နေ့တွင် နှစ်စဉ်မပျက် ကျင်းပလာခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment