ထိန်ငူကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိန်ငူကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - အောက်တိုဘာ ၂၉


ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု ကျွဲလမ်းကျေးရွာ ဆန်းဓမ္မသိင်္ဂီဘုန်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)က ကိုဗစ်-၁၉ ရောဂါနှင့် ဇီဝလုံခြုံမှုအကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံနှင့် နေကြာတိုးချဲ့ ချေးငွေအကြောင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်း စိုက်ပျိုးမည့်အကြောင်း၊ လဝကမှ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာမီးဘေး လုံခြုံရေးအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးနှင တရား ဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးအကြောင်း၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီးဌာနမှ စီမံကိန်းဖြင့် ရေမြောင်းတူးဖော်မည့် လုပ်ငန်းများအကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့်အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့တိုင်း စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဆွေးနွေးပွဲဆောင်ရွက်မည့်အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)က ကာကွယ်ရေးနှင့် လုံခြုံးရေးဆိုင်ရာကိစ္စများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၍ တွေ့ဆုံပွဲသို့ ထိန်ငူကျေးရွာအုပ်စုမှ ပြည်သူစုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော အချက် အလက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။


အိမ်မဲမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ယနေ့အထိ ကျေးရွာအုပ်စု(၇)ခုတွင် တွေ့ဆုံပွဲ ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)