စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ


MNP ၊ အောက်တိုဘာ ၂၀

စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong-Lancang Cooperation- 4th JWG-CBEC)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယမန်နေ့က Virtual စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၌ လက်ခံကျင်းပသည်။


အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အစည်းအဝေးဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yu Xiang က အစည်းအဝေး ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေး၌ မဲခေါင်-လန်ချန်းနယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဖြစ်ပေါ် တိုးတက်မှုများ၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် တန်ဖိုးချိတ်ဆက်ကူး ပြောင်းမှုဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ (၅) နှစ်စီမံကိန်း (မူကြမ်း)အပေါ် သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး မဲခေါင်-လန်ချန်းဒေသ နိုင်ငံများအကြား ဒေသန္တရအစိုးရများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါ အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦးနှင့် မြန်မာနိုင်ငံဘက်မှ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် တာဝန်ခံဝန်ကြီးဌာနများမှ စုစုပေါင်းကိုယ်စား လှယ် ၃၀ တို့သည် online ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)