ကျုံပျော်မြို့နယ် ထိန်ငူကြီးကျေးရွာသို့ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ် ထိန်ငူကြီးကျေးရွာသို့ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 




MNP - အောက်တိုဘာ   ၁၇


ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်၊ ထိန်ငူကြီးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်  ၉ နာရီက ဆောင်ရွက်ခဲ့ သည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းတို့က ကျေးရွာဘုန်းကြီးကျောင်းတွင်  အသက် (၂)နှစ်အောက် ကလေးများအား ROTA ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေမှုအခြေအနေအား ကြည့်ရှုအားပေးကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စရပ်များ၊ နှစ်ကျ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး၊ ကိုဗစ်-၁၉ ဆေးထိုးကိစ္စရပ်များအား ချပြ ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး ကိစ္စများအား ပညာပေးပြောကြားပြီး တောင်သူ တစ်ဦးချင်းထံသို့ နေကြာမျိုးစေ့ ၂၈ အိတ်အား ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူများ၏ ကျေးရွာတွင်း လျှပ်စစ်မီးရရှိရေး၊ လမ်းများပျက်စီးမှုအား ကောင်းမွန်ရေးနှင့် ပညာရေးဌာနမှ အသစ်တောင်းခံတင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။


အဆိုပါ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများ ပါဝင်ပြီး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီ‌ပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)