ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်




MNP - အောက်တိုဘာ    ၃၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဟိုပုံးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး UNCRC (United Convention on the Rights of the child) ကုလသမဂ္ဂသဘောတူစာချုပ်အတိုင်း ကလေးသူငယ်များရဲ့ အဓိက အခွင့်အရေး (၄)ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်၊ ပါဝင်ဆောင် ရွက်ခွင့်တို့ကို တာဝန်(၃)ရပ်ဖြစ်သော အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ အစီရင်ခံခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်များ ပြစ်မှုကျူးလွန်စေရေးအတွက် ကြိုတင်ကာကွယ်သည့် အစီအမံများကို ကော်မတီအစည်းအဝေးဖြင့် ချမှတ်ဆောင်ရွက်ခြင်းနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များကို ကော်မတီအစည်းအဝေးဖြင့် ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်၏ အကျိုးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၏ အကူအညီရယူပြီး ပူးပေါင်းဆောင်ရွက်ခြင်းစသည်များကို ဆောင်ရွက်နိုင်ရေး အလေးထားကူညီဆောင်ရွက်စေလိုကြောင်းနှင့် ဟိုပုံးမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ကောင်းကျိုးအတွက် ယခုတက်ရောက်လာသည့် ကော်မတီဝင်များအားလုံး ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီးနောက်  ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)