ဝါကျွတ်ကာလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါကျွတ်ကာလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်




MNP - အောက်တိုဘာ ၇


ဝါလကင်းလွှတ်အချိန်အခါသမယတွင် ဘုရားသွား ဘုန်းကြီးကျောင်းတက်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းပြည်နယ် အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အောက်တိုဘာ(၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆန်၊ ဆီ၊ ဆားကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုလို ဝါလကင်းလွတ် အချိန်အခါ သမယတွင် ဝန်ထမ်းများ ဘုရားသွားကျောင်းတက်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလို ရှမ်းပြည်နယ် အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းမှာ (၁၁) ကြိမ်မြောက် ရှိသွားပြီဖြစ်ပြီး ဝန်ထမ်းများကလည်း မိမိကျရာ တာဝန်များတွင် တာဝန်ကျေပြွန်စွာ တာဝန်ထမ်းဆောင်ပေးကြရန်နှင့် လုပ်ငန်းများအား အောင်မြင်တိုးတက်နိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြကြောင်း သိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)