ဒေးဒရဲမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၂/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်




MNP - အောက်တိုဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၂/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်နှင့် ကျေးရွာများကို အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးရာတွင် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်းမှ အကာအကွယ်နှင့် ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ယခုသင်တန်းက ပို့ချပေးမည့် အချက်အလက်များကို မိမိလက်အောက်ရှိ ကျေးရွာအဖွဲ့အစည်းများသို့ ပြန်လည် မျှဝေသွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် မြို့နယ်ဌာနဆိုင်ရာများက လုံခြုံရေးကိစ္စရပ်များ၊ အခြေခံမဲစာရင်း ပြုစုခြင်း၊ နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရေးဆောင်ရွက်ရမည့် အချက်များ၊ ဥပဒေရေးရာများ၊ ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် ရပ်ကွက်၊ ကျေးရွာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပို့ချ ပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလ (၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)