ရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်း၊မြေသားရေကန်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်း၊မြေသားရေကန်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

 


MNP - အောက်တိုဘာ   ၁၇


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်း၊ မြေသားရေကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်အရည် အသွေးပြည့်မီခြင်း ရှိမရှိ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန (ရုံးချုပ်)မှ ဌာနတွင်းလုပ်ငန်းနှင့် စာရင်းဇယားများ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  မိတ္ထီလာခရိုင် မိတ္ထီလာ မြို့နယ်အတွင်းရှိ သဖန်းပင်ရိုး ကျေးရွာတွင် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်း၊ ရေဝေကျေးရွာတွင် မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ တုံးအိုင်ကျေးရွာတွင် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း၊ Cash for Workစီမံကိန်းဖြင့်  သရက်ပင်ကျေးရွာတွင် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ၊ အိုးအိုင်ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း ဆောင်ရွက်နေမှုလုပ်ငန်း၊ မုန်တိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုလုပ်ငန်းနှင့် သာစည်မြို့နယ်အတွင်းရှိ Cash for Workစီမံကိန်းဖြင့်  အလယ်ရွာကျေးရွာတွင် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့်၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ (သမင်ဇာကုန်း+ကျောင်းရွာ)တွင် မြစိမ်းရောင် စီမံ ကိန်းဆောင်ရွက်နေမှုလုပ်ငန်း၊  VDP စီမံကိန်းဖြင့် ရွာမွန်သာကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ရုံးတောကျေးရွာတွင် ရေစင်၊ ရေစက်ရုံ၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ၊ မရွေးကျေးရွာတွင် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။


ယင်းအပြင် သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊ စာရင်းဇယာများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိမရှိ၊ ဝန်ထမ်းအင်အားနှင့် ပတ်သက်သည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းထားမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)