MNP - အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း နေကြာစိုက်ပျိုးဧကလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့်ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
နေကြာမျိုးစေ့များပေးအပ်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက မြို့နယ်အတွင်း နေကြာစိုက်ပျိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထန်းတပင်မြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက (၁၃၇၇)ဧကလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများက နေကြာမျိုးစေ့များကို တက်ရောက်လာကြသည့် ဘောလည်ကျေးရွာနှင့်ကြိမ်ပိုက်ကျေးရွာတို့မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်ပျိုး သွားမည့်တောင်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇင်မင်းထိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment