တောင်ငူ၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ  ၂၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်ပိုင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက် ပြုလုပ်နည်း သင်တန်း ဖွင့်လှစ်သည်။


ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ဒေသအတွင်း အာဟာရကြွယ်ဝသော  အစားအစာအဖြစ် နေပီယာမြက်၊ မွန်ဘားဆားမြက်တို့ကို ဧကတိုးချဲ့စိုက်ပျိုးကာ ကျွဲ၊ နွား တိရစ္ဆာန်များ အစာရှားပါးချိန်တွင် စနစ်တကျသိုလှောင်သော နည်းစနစ်ဖြင့် မြက်ချဉ်ဖက်ပြုလုပ်ကာ ကျွေးမွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနေစိုးက မွေးမြူရေး တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှ တစ်ဆင့် စီးပွားရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်သည့် တောင်သူများ ဖြစ်စေလိုကြောင်း သို့မှသာ အသားထုတ်လုပ်ရေးကဏ္ဍများ ပိုမိုတိုးတက်လာစေပြီး  မွေးမြူရေးတောင်သူ များလည်း ပွားများလုပ်ကိုင်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးများက တောင်ငူမြို့နယ် အတွင်း နွားမွေးမြူရေး တောင်သူ ၂၀ ဦးအတွက် တိရစ္ဆာန်အစာ၊ နွားစာနု-စပ်စာအိတ် ၂၀ အိတ်အား ပေးအပ်ရာ မွေးမြူရေးတောင်သူများက လက်ခံရယူ သည်။


ဆက်လက်၍ သင်တန်းအား ကျင်းပရာ မြို့နယ်အတွင်းရှိ နွားမွေးမြူရေးတောင်သူ ၂၀ ဦး တက်ရောက်ပြီး  တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ စနစ်တကျ မြက်ချဉ်ဖက်ပြုလုပ်နည်းများကို မြို့နယ်မွေးမြူရေးကုသရေးဦးစီးဌာနမှ ရှင်းလင်းပို့ချမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)