ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

 



MNP - အောက်တိုဘာ   ၁၄


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကုန်ဈေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးနှင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့် အခြေခံလူတန်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက်(၇)နာရီ အချိန်မှ (၉)နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။


အခြေခံစားသောက်ကုန်များရောင်းချရာသို့ ဂန့်ဂေါမြို့နယ်သက်သာချောင်ချိရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးရောင်း၊ ဈေးဝယ်နေမှုများအား ကြည့်ရှုအားပေးသည်။ ထိုသို့ ရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် (၂၄)ပြည်ပါ ဆန်အိတ်(၁၀)အိတ်၊ ဆင်းသုခဆန် တစ်ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် (၂၀)ပြည်ပါ ဆန်အိတ်(၅)အိတ်၊ မနောသုခဆန် တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် (၂၀)ပြည်ပါ ဆန်အိတ်(၅)အိတ်၊ ဆီ(၄၀)သားပါ တစ်ဗူးလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် (၁၆၀)ဗူး၊ ကြက်ဥ တစ်လုံးလျှင် ၁၆၆ ကျပ်နှုန်းဖြင့် (၃၀၀၀)လုံး၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်နှုန်းဖြင့် (၂၀၀)ပိဿာ၊ အာလူး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် (၂၀၀)ပိဿာနှင့် ကျောက်ဖရုံသီး၊ ခရမ်းသီး၊ ဂေါ်ရခါးသီး၊ သခွားသီး၊ ချဉ်ပေါင်ရွက်စသည့် ဟင်းသီး၊ ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် အခြေခံလူတန်းစားများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့် ဂန့်ဂေါမြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးရောင်းချပေးခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း နံနက်(၇)နာရီမှ (၉)နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


သတင်း - မောင်မျိုးမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)