မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်း “ပန်းခင်း” စီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်း “ပန်းခင်း” စီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားတက်ရောက်



MNP ၊ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက် ၈ နာရီက ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် နံပါတ်မပါဘဲ အမည်စာရင်းပါနေခြင်း၊ လူလည်းမရှိ နိုင်နံပါတ်လည်းမရှိသူများ မဲစားရင်းတွင် ပါဝင်နေခြင်း၊ မဲစားရင်းတွင် နှစ်ကြိမ်း သုံးကြိမ် ပါဝင်နေခြင်း၊ အသက်(၁၈)နှစ်မပြည့်သေးသည့်သူများ၊ သေဆုံးသူများ ပါဝင်နေခြင်း စသည့် အားလုံးပေါင်း (၁၈.၃) သန်းကျော်ထိ ရှိသည်ကို ပြန်တမ်းများအရ တွေ့ရှိရမှာဖြစ်ကြောင်း၊ တပ်မတော်တာဝန်ယူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရလက်ထက်တွင် ကော်မတီ(၅)ခုဖွဲ့၍ ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်တာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း၏ လက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန်လိုအပ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနအောက်ရှိ မြို့နယ်ဦးစီးမှူးရုံးများတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အတူ ပန်းခင်းစီမံချက်ဆိုတာ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အဆင့်(၁) အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၆၇၉၀)ကတ် လျားထားဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် (၁၂၃၉၀၁)ကတ်အထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ ၁၄၂.၇၆ ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရေနံချောင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၁)တွင် ဆောင်ရွက်ရန်လျာထားချက် (၂၃၅၈) ကတ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ၁၀၀ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းအနေဖြင့် အိမ်ထောင်စုပေါင်း (၄၉၀)စု ထုတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ကာ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ပြည်သူများ ခရီးသွားလာရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးပြုရမည့်နေရာအတော်များများမှာ ထောက်ခံချက်ကို သုံးခွင့်မပြုတော့ဘဲ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုသာ အသုံးပြုသွားရန်နဲ့ ကိုင်ဆောင်လက်မှတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများမှာ ကွဲလွဲချက်၊ မှားယွင်းချက်၊ လွဲချော်မှုများ ရှိနေပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးကို သွားရောက်သတင်းပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ရေနံချောင်းမြို့နယ်ရှိ အသက်(၁၆)နှစ်အထက်ပြည့်မီပြီး အနာဂတ်ကာလမှာ မဲပေးနိုင်ရေးအတွက် အသက်ပြည့်မီသူ ပြည်သူအားလုံးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်သည့် မြို့ပေါ် ၁၂ ရပ်ကွက်မှ အိမ်ထောင်စုလူဦးရေစားရင်း ၇၂ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၇၂ ကတ်ကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ချောက်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)