ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား


No photo description available.
MNP - အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိပြီး သီတင်းကျွတ်လပြည့်နေ့တွင် လာရောက်ဖူးမြှော်ကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများအား ကိုဗစ်စည်းကမ်းများနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားပြီး သီတင်းကျွတ်လပြည့်နေ့တွင် ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးတွင် ဘုရားဖူးလာပြည်သူ (၃၀၀၀၀) ကျော်နှင့် ကားကြီးငယ် (၁၅၀)ကျော်ခန့်နှင့် ဆိုင်ကယ် (၃၀၀)ကျော်ခန့် လာရောက်ဖူးမြှော်ခဲ့ကြောင်း ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)