MNP - အောက်တိုဘာ ၁၅
သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်းပါစေတီတော်မြတ်ကြီးသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဝမ်းဘဲ အင်းကျေးရွာရန်ကုန်-မန္တလေး ကားလမ်းမဟောင်း၏နံဘေး ကမ္ဘာ့အသိအမှတ်ပြု မိုးယွန်းကြီးအင်း ရေတိမ်ဒေသ၏ အနီးအနားတွင် တည်ထားကိုးကွယ်ထားသော ထင်ရှားကျော်ကြားလျက်ရှိသည့် စေတီတစ်ဆူဖြစ်သည်။
သမိုင်းဝင် ဒေးစွန်ပါစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား တပေါင်းလပြည့်နေ့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ဘုရားဖူးပြည်သူများမှ တောင်တက်ပွဲတော်အဖြစ် သတ်မှတ်စည်ကားလျက်ရှိသည်မှာ သီတင်းကျွတ်လပြည့်ကျော် (၈)(၉)(၁၀)ရက်နေ့များပင် ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့မှစတင်၍ လပြည့်ကျော်(၁၀)ရက်နေ့အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် မြန်မာနိုင်ငံ အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသော ရဟန်း၊ ရှင်၊ လူ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ဘုရားဖူးလာရောက်သူများအနေဖြင့် လာရောက် လည်ပတ်မည်ဆိုလျှင် ဒေးစွန်ပါတောင် သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၅၀၀)ကျော်တွင် တည်ရှိ၍ မြေနိမ့်တောင် တန်းများဖြစ်သည့်အတွက် လွယ်လင့်တကူ တက်ရောက်နိုင်ကာ တောတောင်ရေမြေ၏ သဘာဝအလှတရားအား ခံစားကြည့်ရှုနိုင်မည်ဖြစ်ပြီး လည်ပတ်စရာ အကောင်းဆုံး ဖြစ် ကြောင်း၊ ပဲခူးမြို့တော်ကြီးဆီမှ လာရောက်မည်ဆိုပါက ၁၈ မိုင်ခန့် အချိန်အားဖြင့် မိနစ် ၄ဝ အတွင်း ရောက်ရှိနိုင်သည့်အတွက် ဘုရားဖူးမျှော်ရင်း တောင်တက်ပွဲတော်အား တစ်ခါ တစ်ခေါက်လာရောက် စေချင်ကြောင်း ဖိတ်ခေါ်လိုက်ရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment