ဖျာပုံမြို့ ၁ရပ်ကွက်တွင် နေအိမ်ပေါ်တက် သေတ္တာသော့ကိုရိုက်ဖွင့်၍ စာရွက်စာတမ်းများ ယူသွားသူကို အမှုဖွင့်၍ မရဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ ၁ရပ်ကွက်တွင် နေအိမ်ပေါ်တက် သေတ္တာသော့ကိုရိုက်ဖွင့်၍ စာရွက်စာတမ်းများ ယူသွားသူကို အမှုဖွင့်၍ မရဟုဆို





MNP ၊ အောက်တိုဘာ ၁၆

ဖျာပုံမြို့၊ ၁ရပ်ကွက် မောင်ကျော်ကျော်ထွန်း၏ နေအိမ်ပေါ်တက်၍ သေတ္တာသော့ကို ရိုက်ဖွင့်ပြီး စာရွက်စာတမ်းများ ရယူသွားသူကို ဖျာပုံမြို့မရဲစခန်းတွင် သွားရောက်အမှုဖွင့်တိုင်ကြားရာ အမှုဖွင့်၍ မရကြောင်း မြို့ခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့ခံတစ်ဦးက "မောင်ကျော်ကျော်ထွန်း နဲ့ မောင်အောင်မင်းဦးကို ခိုးမှုနဲ့ မသီတာဆိုတဲ့ အမျိုးသမီးက ရဲစခန်းကိုတိုင်ပြီး ချုပ်ထားခိုင်းတယ်။ ကောင်လေးတွေကို ၁၀-၁၀-၂၀၂၂ ရက်နေ့ကနေ ၁၃-၁၀-၂၀၂၂ ရက်နေ့အထိ ချုပ်ထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အာမခံနဲ့ ပြန်ထုတ်ထားရတယ်။ ဥပဒေအရ ကျွန်တော်တို့ နားလည်တာက မခိုင်လုံရင် လူတစ်ယောက်ကို ၂၄ နာရီထက် ပိုပြီး ချုပ်ထားလို့ မရဘူး။ အဲဒီလို ချုပ်ထားတဲ့အတောအတွင်းမှာ မသီတာ ဆိုတဲ့ အမျိုးသမီးက မောင်ကျော်ကျော်ထွန်း အိမ်ပေါ်က သေတ္တာကို ရိုက်ဖွင့်ပြီး အိမ်ခြံမြေစာရွက် စာတမ်းတွေ ယူသွားတယ်။ အဲဒီလို ယူတာကို မျက်မြင်တွေ့ရှိတဲ့ သက်တွေလည်း ရှိတယ်။" ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်မှုအပေါ် ပြန်လည်အမှုဖွင့်လှစ်ရာ ရဲစခန်းက အမှုဖွင့်ပေးခြင်း မရှိကြောင်း မြို့ခံတစ်ဦးက "အခု ကောင်လေး က တော်တော်ကြောက်နေတယ်။ အမှုသွားဖွင့်တော့ ဖွင့်မပေးဘူး။ မောင်ကျော်ကျော်ထွန်း နဲ့ မသီတာ တို့က ဆွေမျိုးလည်း မကင်းဘူး။ ဖြစ်တာကတော့ ရလိုမှုတွေ ပါမှာပေါ့။ ဒါကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ပဲလိုတာပါ။ မောင်ကျော်ကျော်ထွန်းတို့ ကို ၃ရက်တိတိ ချုပ်ထားခဲ့တယ်။ အဲဒီအတောအတွင်းမှာ မသီတာက စာရွက်စာတမ်းတွေ တက်ယူသွားတာကို အမှုပြန်ဖွင့်တော့ ဖွင့်မပေးဘူးဆိုတာက ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တော်တော်ဆိုးနေပြီလို့ ပြောရမှာပေါ့ဗျာ။ မောင်ကျော်ကျော်ထွန်းမှာ အမေအိုကြီး ရှိတယ်။ သူ ဖမ်းချုပ်ခံထားရတဲ့အချိန်မှာ သေမလိုတောင် ဖြစ်သွားတာ။ ပြုစုမယ့်သူ မရှိဘူးပေါ့ဗျာ။" ဟု ရှင်းလင်းပြောဆိုသည်။

မောင်ကျော်ကျော်ထွန်းမှာ ခြိမ်းခြောက်ခံထားရပြီး ကြောက်လန့်၍ မည်သူနှင့်မျှ တွေ့ဆုံခြင်း မရှိကြောင်း မြို့ပေါ်တွင် ထိုသို့ တရားမဲ့ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ တာဝန်သိပြည်သူတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုခြင်း ဖြစ်သည်။

(ဓာတ်ပုံ - မောင်ကျော်ကျော်ထွန်း အား ဖမ်းဆီးချုပ်နှောင်ထားစဉ်က မသီတာက နေအိမ်ပေါ်တက်၍ စာရွက်စာတမ်းများ ရယူသွားသည်ကို မျက်မြင်တွေ့ရှိသူများ မှတ်တမ်းရယူထားသည့် ဓာတ်ပုံများဖြစ်သည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)