သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကျင်းပမည်

 


MNP - အောက်တိုဘာ   ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင် (၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲကို  ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


သီပေါမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့ရာ ကူးစက်ပြင်းထန် ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်ကြောင့် (၂)နှစ်ခန့်ရပ်နားခဲ့ရပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါအား အတန်အသင့်ထိန်းချုပ်လာနိုင်ပြီး ကူးစက်ထိခိုက်မှု မပြင်းထန်တော့သဖြင့် မြို့နယ် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၏ ဩဝါဒခံယူ၍ သီပေါမြို့၏ ထင်ရှားသော အစဉ်အလာပွဲကြီးအား ထိန်းသိမ်းသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၁)ကျောင်းမှ ရဟန်း(၃၀၃)ပါး၊ သာမဏေ(၁၄၉၆)ပါး၊ စုစုပေါင်းသံဃာတော် (၁၇၉၉)ပါးတို့အတွက် ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက ဆရာတော်(၃၁)ပါးတို့ကို ပင့်ဖိတ်၍ ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့ နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ကျောင်းပေါင်း(၃၁)ကျောင်းမှ ဆရာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများ လောင်းလှူခြင်းများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)