ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးသင်တန်းပို့ချ





ပုဏ္ဏားကျွန်း ၊ အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွန်းတောင်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ တောင်သူပညာပေးသင်တန်းပို့ချခြင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ၊ တောင်သူများ စိုက်ပျိုးနည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းပို့ချပေးခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က သင်တန်းများ ပို့ချဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှား ကာကွယ်နှိပ်နင်းခြင်းနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းခြင်းနည်းပညာနှင့် စူပါဘိုကာရှီပြုလုပ်သုံးစွဲနည်းပညာတို့ကို လက်တွေ့သရုပ်ပြသင်တန်းပို့ချပေးခဲ့ကြသည်။

အဆိုပါသင်တန်းသို့  သင်တန်းသားတောင်သူ ၄၀ ဦးတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က တောင်သူများ သိရှိလိုသည်များကို အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)