MNP - အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
စစ်တွေမြို့၊ ဘိုးဘွားရိပ်သာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ ပရဟိတအဖွဲ့များက ဘိုးဘွားရိပ်သာခြံဝင်းအတွင်းရှိ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်း ခြင်းတို့ကို ရိပ်သာ သန့်ရှင်းသာယာစေရေးအတွက် စုပေါင်းဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့က လည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ် တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြကာ ဘိုးဘွား ရိပ်သာသန့်ရှင်းသာယာရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပေါင်း စပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment