ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်း (၃၅၀၀)ကျပ် အထိရောက်ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်း (၃၅၀၀)ကျပ် အထိရောက်ရှိလာ

 


MNP - အောက်တိုဘာ   ၃၁


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း  ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံက သိရသည်။


အဆိုပါ မြန်မာ့ထွက်ကုန်နွေကြက်သွန်နီများကို ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ) ဦးမေဃကျောင်းတိုက်ဝန်းရှိ ကြက်သွန်ဈေးကွက်အတွင်း ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်ဒေသများမှ တောင်သူတွေထံက အများဆုံးဝင်ရောက်လာကြောင်း၊ ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်ပြီး ကြက်သွန်ဈေးကွက် ပြန်လည်လက်ခံဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ကြက်သွန်ဝင်ရောက်မှု နည်းပါးလာမှုကြောင့် ပျမ်းမျှပိဿာချိန်ပေါင်း ၁၀၀၀၀ခန့်အထိနေ့စဉ်ဝင်ရောက်ပြီး ဈေးကောင်းရရှိနေကြောင်း၊ ယခုနှစ် အစောပိုင်းကာလ ကြက်သွန်နီ ပေါများချိန်များတွင် တစ်နေ့လျှင်ပိဿာချိန်ပေါင်း အနည်းဆုံး ၁၅၀၀၀ မှ အများဆုံး၂၀၀၀၀ ကျော် အထိ ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာကို အနည်းဆုံးငွေကျပ်၁၀၀မှ အများဆုံး၅၅၀ကျပ်သာရှိခဲ့သော်လည်း လက်ရှိပွဲရုံ အထိုင်ဈေးတွင်ပင် ဈေးကောင်းနေကြောင်း၊ အလားတူ ကြက်သွန်ဖြူဈေးနှုန်းမှာလည်း ယခင်က တစ်ပိဿာလျှင် အနည်းဆုံး ၁၉၀၀ ကျပ်မှ အများဆုံး ၃၅၀၀ ကျပ်အထိရှိခဲ့ပြီး လက်ရှိတွင် အနည်းဆုံး ၃၅၀၀ ကျပ်မှ အများဆုံး ၄၀၀၀ကျပ်အထိ ရောက်ရှိလာကြောင်း ပခုက္ကူခရိုင် ကုန်စိမ်းလိုင်းခွဲကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။ 


ထို့အပြင် ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီလာရောက်ရောင်းချသည့် တောင်သူ ဦးညီညီမင်းကျော်က “ယခုနှစ်တွင် ဆောင်းကြက်သွန်နီ စိုက်ခင်းတစ်ဧကလျှင် ကျင်းပေါင်း ၁၉၈ ကျင်းစီဖြင့် နှစ်ဧက စိုက်ပျိုးထားကြောင်း၊ ကြက်သွန်နီတစ်ဧကအတွက် စိုက်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ အလုပ်သမားခငွေကျပ် ၁၃၀၀၀၊ မြေဩဇာထည့်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ် ငွေကျပ် ၁၄၀၀၀၀၊ နွားရှင်းခ ငွေကျပ် ၂၀၀၀၀၊ ရေသွင်းစရိတ် ငွေကျပ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖြန့်စရိတ်ငွေကျပ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ငွေကျပ် ၃၀၀၀၀၀ နှင့် အခြားလုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်း (၁၂)သိန်း ကျော် ကုန်ကျခဲ့ကြောင်း၊ ကြက် သွန်နီ တစ်ကျင်းတွင် ပိဿာချိန်၂၀ထွက်ရှိပြီး ရောင်းချနေဆဲကာလဖြစ်သောကြောင့် အမြတ်ရရှိငွေရရှိမှု တန်ဖိုးခန့်မှန်းလို့ မရနိုင်သေးကြောင်း၊ ကျေးရွာရှိတောင်သူများအနေဖြင့် ကြက်သွန်ကိုပဲ အဓိကထားစို က်ပျိုးကြကြောင်း” ပြောပြသည်။


မြန်မာ့ ထွက်ကုန်ကြက်သွန်မှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသများရှိ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးနေရာများ၌ ရေသွင်း စနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်များ လှိုင်လှိုင်ပေါ် ဝင်ရောက်လာပြီး ဈေးကောင်းရရှိနေသောကြောင့် တောင်သူများအနေဖြင့် တွက်ခြေကိုက်နေကြောင်း ပခုက္ကူခရိုင် ကုန်သည်ပွဲစားများအသင်းထံက သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)