ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသစီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသစီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ




MNP - အောက်တိုဘာ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်  တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး တစ်ဦးနှင့်တစ်ဦး ဌာန တစ်ခုနှင့်တစ်ခု ပိုမိုချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်ပြီး ကျင်းပြုလုပ်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာန‌ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။                   


အဆိုပါအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းတွင် “ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ဌာနအသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ အနိုင်၊ အရှုံးကို အဓိကမထားဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ပွားဘဲ စည်းလုံး ညီညွတ်စွာ ယှဉ်ပြိုင်ကြရန်၊နောင်ပြိုင်ပွဲများတွင် ဒေသခံပြည်သူများကိုလည်း ပါဝင် ယှဉ်ပြိုင်မည့်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ အားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပွဲများကိုလည်း ပြုလုပ်ပေးသွားမည်ပါကြောင်း”တို့ကို ထည့်သွင်းပြောကြားခဲ့သည်။                    


ယင်းနောက် ဌာနပေါင်းစုံမှ ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးဇော်မိုးလတ်နှင့် ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြောင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးဖလားဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများမှ ဘောလုံးအသင်း (၁၃) သင်းသည်  အုပ်စု(၄)အုပ်စုဖြင့် (၂၉-၁၀-၂၀၂၂ရက်နေ့မှ၁၁-၁၁-၂၀၂၂ရက်နေ့အထိ) ပွဲစဉ်များအလိုက်  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)