MNP - အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူများက စစ်ပင်တောင်ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ ယနေ့နံနက်ပိုင်းက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာ(၃၁)ရပ်ကွက်အတွင်း အသက် (၈၅)နှစ်အထက်ဘိုးဘွား စုစုပေါင်း(၄၇၂)ဦးတို့အတွက် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၄၁,၆၀,၀၀၀)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကမိမိတို့ရပ်ကွက်/ကျေးရွာရှိ အသက်(၈၅)အထက်ဘိုးဘွားများထံ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက်လက်ဝယ်လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment