ကျိုင်းတုံမြို့ တိုင်းလိယဉ်ကျေးမှုခန်းမ၌ ရဟန်းသံဃာတော်များနှင့် မင်္ဂလသုတ်ရွတ်ဆို ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့ တိုင်းလိယဉ်ကျေးမှုခန်းမ၌ ရဟန်းသံဃာတော်များနှင့် မင်္ဂလသုတ်ရွတ်ဆို ပူဇော်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ တိုင်းလိယဉ်ကျေးမှုခန်းမတွင် နှစ်စဉ်ရဟန်းသံဃာတော်များနှင့် မင်္ဂလသုတ်ရွတ်ဆိုပူဇော်ပွဲကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက အဆိုပါခန်းမ၌ ကျင်းပသည်။


ပူဇော်ပွဲတွင် ရဟန်းသံဃာတော်များက မင်္ဂလသုတ်ရွတ်ဖတ်ပူဇော်ပြီး တိုင်းလိစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဦးစိုင်းရွက်၊ ဒေသခံတိုင်းရင်းသားများနှင့် ဧည့်ပရိတ်သတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါတိုင်းလိခန်းမတွင် မျိုးဆက်သစ်လူငယ်များ လေ့လာနိုင်ရန် ရှမ်းပြည်နယ်ဖွားစော်ဘွားကြီးများ၊ အထင်ကရပုဂ္ဂိုလ်များအကြောင်းကို အခမဲ့ ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)