ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်



MNP - အောက်တိုဘာ  ၉


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား စစ်တွေလေဆိပ်မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ဦးစွာ စစ်တွေလေဆိပ်ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ ကြီးကြပ်အုပ်ချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် အုပ်ချုပ်သူများ၊ ပညာရှင်များ၊ ပြိုင်ပွဲဝင်များအား ရခိုင်ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်း ကြိုးစားကြရန်၊ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုမောင်နှမ သဖွယ်စည်းစည်းရုံးရုံးနေထိုင်ကြရန်၊ အခက်အခဲရှိပါ ကလည်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီရိုင်းပင်းကြရန်၊ လိုအပ်ချက်များရှိပါက ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြပေးကြရန်၊ ပြိုင်ပွဲကာလတစ်လျောက်တွင်လည်း ကျန်းမာရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ နေထိုင်သွားလာရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီနေထိုင်သွားကြရန်နှင့် ရခိုင်ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ပြီး အောင်ပွဲနှင့်အတူပြန်နိုင်ကြစေရန် မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အုပ်ချုပ်သူများ၊ ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လေဆိပ်အတွင်းသို့ ပို့ဆောင်ပေးကြသည်။


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)