ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီး အကျဉ်းထောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီး အကျဉ်းထောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - အောက်တိုဘာ   ၁၆


ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီး အကျဉ်းထောင်အား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တောင်ကြီး အကျဉ်းထောင် ဦးစီးအရာရှိ ဦးဇော်ဝင်းမှ တောင်ကြီး အကျဉ်းထောင်၏ လုံခြုံရေး၊ စီမံရေး၊ ထောက်ပံ့ရေးနှင့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးအကျဉ်းထောင်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာတောင်ကြီးအကျဉ်းထောင် ဦးစီးအရာရှိမှ လက်ခံရယူသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးအကျဉ်းထောင်ရှိ အမျိုးသားအဆောင်(၁) အဆောင်(၂) ၊ စားဖိုကြီး ထမင်းချက်ဆောင်၊ ထမင်းစားဆောင်၊ စာကြည့်တိုက်၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် အင်္ကျီနေလှန်းမည့်နေရာ၊ အမျိုးသမီးအဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၂)ဦး အားစားစရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)