MNP ၊ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပင်လယ်ကမ်းခြေတစ်လျှောက် ပင်လယ်ရေ အတက် အကျဖြင့် မျှောပါလာသည့် အမှိုက်များအား ယနေ့ နံနက်(၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းကို ကျောက်ဖြူခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ပင်လယ်ဒီရေ အတက်အကျဖြင့် မျှောပါလာသည့် အမှိုက် များ၊ စွန့်ပစ်အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည့် အမှိုက်များအား အမှိုက်အိတ်များဖြင့် စနစ်တကျထုပ်ပိုး၍ သတ်မှတ်နေရာများ သို့ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ မြို့အင်္ဂါနှင့် အညီသာယာလှပစေရေးအတွက် ပြည်သူအကျိုးပြုလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment