MNP - အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသု ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများ အနေဖြင့် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုကြကြောင်း သိရသည်။၊
စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း ၊ရွှေသွေး ၊HappyTime ၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ ၊ဉာဏ်စမ်းပဟေဠိစာအုပ်များစသည့် စာအုပ်စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်း ကလေးများအတွက် ကလေးစာပေ ဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတ ရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Showများ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက် အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
သတင်း - မြင့်သွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment