ကျိုက်လတ်မြို့နယ် ဖောင်ရိုးဆိပ်ကျေးရွာအဝင် ချောင်းကူးတံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ် ဖောင်ရိုးဆိပ်ကျေးရွာအဝင် ချောင်းကူးတံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - အောက်တိုဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဖောင်ရိုးဆိပ်ကျေးရွာအဝင် ချောင်းကူးတံတား တည်ဆောက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေး/ဖွံ့ ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဖောင်ရိုးဆိပ် ကျေးရွာအဝင်ချောင်းကူး တံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖောင်ရိုးဆိပ်ကျေးရွာအဝင် ချောင်းကူးတံတား (၂၅၀ပေx၂၀ပေ) ပထမပိုင်းကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် (၅၄၃)သန်းဖြင့် (၁.၄.၂၀၂၁)ရက်နေ့ တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၅.၁၁.၂၀၂၁) ရက်နေ့တွင် ပထမပိုင်း ပြီးစီးခဲ့ကြောင်း၊ ဒုတိယပိုင်း ကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် (၃၉၉.၀၁)သန်းဖြင့် (၁.၈.၂၀၂၂) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၃၁.၃.၂၀၂၃) ရက်နေ့တွင် ဒုတိယပိုင်းကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ဖောင်ရိုးဆိပ်ကျေးရွာ အဝင်ချောင်းကူးတံတား ပြီးစီးသွားပါက ကျိုက်လတ်မြို့နယ် အတွင်းတွင် ကျေးရွာအုပ်စု (၁၄)အုပ်စု၊ ကျေးရွာ(၆၁)ရွာ၊ အိမ်ခြေ (၅၇၅၇)လုံးရှိ လူဦးရေ(၂၆၂၉၃)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)