ပင်းတယမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 




MNP - အောက်တိုဘာ  ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား ဖောင်းတောကျေးရွာအုပ်စု ဖောင်းတောဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးထွန်းထွန်းဦးက နိုင်ငံတော်အစိုးရ၏ ရှေးလုပ်ငန်းစဉ်များဖြစ်သည့် မူဝါဒများနှင့် အကောင်အထည်ဆောင်ရွက်ပေးနေသည့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားပေးသည်။


ထို့နောက် လိုက်ပါလာကြသည့် ပင်းတယမြို့နယ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက  မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီး ချပြရှင်းလင်းဆွေးနွေး ပြောကြားပေးရာ တက်ရောက်လာသည့် မိဘပြည်သူများ၏ သိရှိလိုသည်များ၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)