အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုအပေါ် သီးခြားမှတ်ချက်ပေးရန် မရှိဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုအပေါ် သီးခြားမှတ်ချက်ပေးရန် မရှိဟုဆို



MNP ၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်တွင် ၁၂-၁၀-၂၀၂၂ ရက်နေ့က KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာတချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်သယောင် လုပ်ကြံဖန်တီးရေးသားနေမှုများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ သီးခြားမှတ်ချက်ပြုရန် မရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

ကျိုက်ထီးရိုးဘုရားဖူးများကို ပစ်ခတ်မှုနဲ့ ပတ်သက်လို့ The Irrawaddy, BBC, Myanmar Now အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေက တပ်မတော်က ပစ်ခတ်လို့ ပြည်သူ(၃)ဦး သေဆုံးခဲ့ရကြောင်းဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေမှုတွေကို အင်္ဂလိပ်၊ မြန်မာ ရေးသားဖြန့်ဝေမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ NLD အစွန်းရောက် တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ လက်ဝေခံ KNLA, PDF အကြမ်းဖက်သမားများအနေနဲ့ ၎င်းတို့ရဲ့ အကြမ်းဖက်မှုကို တပ်မတော်က အကြမ်းဖက်သယောင် သူတို့ရဲ့ လက်ဝေခံ မီဒီယာတွေကနေ ပေါက်ပန်းစေး ရေးသားဖြန့်ဝေနေမှုများအပေါ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ သဘောထားမှတ်ချက်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးမြန်းမှုနှင့် ပတ်သက်၍ "ဖြစ်စဉ်ရဲ့ ပကတိအမှန်ကိုလည်း သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီသတင်း ပကတိမှန်ကန်မှုအပေါ် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ တော်တော်များများက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တွေ များစွာ ထုတ်ပြန်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီတော့ ဖြစ်စဉ်အမှန်က ဘာလဲဆိုတာ ခင်ဗျားတို့ မီဒီယာတွေလည်း သိပြီးဖြစ်ပါတယ်။ ပြည်ပလက်ဝေခံ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်ကတော့ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်တဲ့အတွက် သီးခြားမှတ်ချက်ပေးဖို့တော့ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ဖို့ရှိတယ်လို့ ပြောချင်ပါတယ်။ ဒီလုပ်ရပ်ကို မနှစ်သက်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကတော့ ကန့်ကွက်ချက်တွေ၊ ကန့်ကွက်လွှာတွေ ထုတ်ပြန်လိမ့်မယ်လို့ ယူဆပါတယ်။" ဟု ဖြေကြားထားသည်။

NLD အစွန်းရောက်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ပြေး CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့များ၏ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၄၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပြီး CRPH, NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များက အကြမ်းဖက်လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ရန် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်မှုများ ထွက်ပေါ်လာပြီးနောက် ကျိုးထီးရိုးဘုရားဖူးများကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အဖွဲ့များနှင့်အတူ ပြည်ပလက်ဝေခံအဖြစ် ရပ်တည်နေသည့် သတင်းဌာနအမည်ခံ ပြည်ဖျက်မီဒီယာများက ပြည်သူများကြားတွင် ထင်ယောင်ထင်မှားဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သယောင် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)