MNP - အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုး တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို သမ္ဘန်ချောင်းကျေးရွာ၊ ဇေယျသုခကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်က ဆောင်းသီးနှံ နေကြာစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆောင်းနေကြာစိုက်ပျိုးရာတွင် ရေအခက်အခဲမရှိစေရန်အတွက် Mobile Sola တပ်ဆင် အသုံးပြုနိုင်ရေး၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးမှုအတွက် ချေးငွေများ ထုတ်ချေးသွားမည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရသည်။
ဆက်လက်၍ ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက ဆောင်းသီးနှံ နေကြာစိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသော တောင်သူများမှ မေးမြန်းသည်မေးခွန်းများအား ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ဌာနမှ တာဝန်ရှိသူများက ဆောင်းသီးနှံ နေကြာစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်လွှာကို တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
သတင်း - မြင့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment