၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)



 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ

ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)

အမျိုးသားစာပေတစ်သက်တာဆုရှင်


ဒီအမျိုးသားစာပေတစ်သက်တာဆု ဆိုတာကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အခုအချိန်မှာ ပေးတဲ့ စာပေဆုတွေထဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ စာပေလောကမှာ ကျွန်တော့်အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်က စပြီးတော့ ကဗျာတွေ ရေးတယ်။ ဝတ္ထုတွေရေးတယ်။ ဆောင်းပါးတွေ ရေးခဲ့တယ်။ အများဆုံးကတော့ ကဗျာရေးပါတယ်။ အခုထိရေးနေတုန်းပါ။ ဒီအတောအတွင်းမှာ ရေးခဲ့တဲ့ ကဗျာပုဒ်ရေ ၂၀၀၀ ဝန်းကျင်ရှိပါတယ်။ ကဗျာပေါင်းချုပ် စာအုပ်အနေနဲ့ ရှစ်အုပ်ထုတ်ခဲ့ပါတယ်။ ကဗျာရေးနည်းစာအုပ် ကဗျာစပ်ပုံစပ်နည်းစုံဆိုတဲ့ စာအုပ်တစ်အုပ်လည်း ခုနစ်ကြိမ်လောက်ပြန်ပြီးတော့ ထုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ကလူငယ်လူရွယ်တွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူငယ်လူရွယ်တွေတိုင်းချစ်ပြည် ချစ်စိတ်ရှိလာအောင်၊ ကိုယ့်နိုင်ငံကို ချစ်ခင်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်လာစေအောင် ဆောင်ရွက်တဲ့အထဲမှာ ကိုယ်လည်းတစ်တပ်တစ်အား ပါဝင်လိုတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာအောင် ကျွန်တော်တို့စာရေးဆရာတွေ၊ ကဗျာဆရာတွေက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်နဲ့ တိုက်တွန်းနှိုးဆော် အားပေးသင့်တယ် လို့ထင်ပါတယ်ဟု ပြောကြားသည်။


ဆရာကြီး ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ကိုစစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့၌ အဖ ဦးထွန်းဉာဏ်- အမိ ဒေါ်တင်လှတို့က ၁၉၅၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။ စာပေလောကသို့ ၁၉၆၅ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်၊ မေလထုတ် ရှေ့ဆောင်လူငယ် ဂျာနယ်ကဗျာပြိုင်ပွဲ၊ ဒုတိယဆုရ အလုပ်သမားကဗျာသည် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသော စာမူဖြစ်သည်။ ဆရာကြီးသည် ၁၉၈၁ ခုနှစ်တွင် သံလွင်ကမ်းမှ ပန်းအိပ်မက်စာအုပ်၊ ၁၉၉၁ ခုနှစ်တွင် နာဂတောင်တန်းပွင့်တဲ့ပန်းစာအုပ်၊ ၁၉၉၈ ခုနှစ်တွင် ခယောင်းလမ်းနှင့်ပန်းသပြေစာအုပ်၊၂၀၀၁ ခုနှစ်တွင် နွေမိုးဖျန်းပက် ပန်းတစ်ခက်စာအုပ်၊ ၂၀၀၃ ခုနှစ်တွင် လောကနီတိကဗျာများ စာအုပ်၊၂၀၀၆ ခုနှစ်တွင် ဘဝကျောင်းမှ စောင်းခတ်သံကဗျာများစာအုပ်၊ ၂၀၁၀ ပြည့်နှစ်တွင် အလွမ်းသတင်း ပန်းတစ်ခင်း ကဗျာများ စာအုပ်တို့ဖြင့် အမျိုးသားစာပေဆု ခုနစ်ကြိမ်ချီးမြှင့်ခံခဲ့ရသည်။ ယခုအခါ ဆရာကြီးသည် မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့တွင် ဥက္ကဋ္ဌတာဝန်၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ၎င်းရေးသားခဲ့သော ကဗျာပုဒ်ရေ ၇၀၀ ကျော်ခန့်ကို အသံလွှင့်ဟောပြော ရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း ပြုလုပ်နေဆဲဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)