ပူတာအိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ   ၂၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟိုခိုရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းတို ပူးပေါင်းမှုဖြင့် ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတများ တိုးပွားလာစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဟိုခိုရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။


ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိလာစေရန်အတွက် အမြဲမပြတ် စာပေဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တိုင်းရင်းသားရိုးရာပုံပြင် စာအုပ်များကို ကျောင်းသားကျောင်းသူတစ်ဦးလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် ငှားရမ်းဖတ်ရှုစေပြီး ကျောင်းသူကျောင်းသားများက မိမိဖတ်ရှုထားသည့် ရိုးရာပုံပြင် စာအုပ်အကြောင်းအရာများမှ ဖတ်မှတ်မိသမျှ အကြောင်းအရာများကို ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က  နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြ ပွဲခင်းကျင်းပြသထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ကျောင်းသူကျောင်းသားများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)