ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သည့်တာဝန်ဆောင်ရွက်နေရသည့် ဆေးဘက်ကျွမ်းကျင် ဓာတ်ခွဲ၊ ဓာတ်မှန်၊ ဓာတ်ရောင်ခြည်၊ ရူပဗေဒ၊ အဏုမြူရောင်ခြည် စသည်တို့အတွက် ချီးမြှင့်ငွေထောက်ပံ့နိုင်ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သည့်တာဝန်ဆောင်ရွက်နေရသည့် ဆေးဘက်ကျွမ်းကျင် ဓာတ်ခွဲ၊ ဓာတ်မှန်၊ ဓာတ်ရောင်ခြည်၊ ရူပဗေဒ၊ အဏုမြူရောင်ခြည် စသည်တို့အတွက် ချီးမြှင့်ငွေထောက်ပံ့နိုင်ရေးဆောင်ရွက်



MNP ၊ အောက်တိုဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ၁၄-၁၀-၂၀၂၂ရက်နေ့က လပွတ္တာမြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ မော်လမြိုင်ကျွန်းမြို့ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း၊ လိုအပ်သည့်ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ညတာဝန်ကျဝန်ထမ်းများအား စားစရိတ်ထောက်ပံ့ခြင်း၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့များအတွက် ဘွဲ့လွန်ကြေး ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သည့် တာဝန်ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆေးဘက်ကျွမ်းကျင်ဓာတ်ခွဲ၊ ဓာတ်မှန်၊ ဓာတ်ရောင်ခြည်၊ ရူပဗေဒ၊ အဏုမြူရောင်ခြည်စသည်တို့အတွက် ချီးမြှင့်ငွေထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး အထူးကြပ်မတ်ကုသခန်း၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အရိုးကုသဆောင်၊ ခွဲစိတ်လူနာဆောင်နှင့် ခွဲစိတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး အသစ်တည်ဆောက်လျက်ရှိသည့် ကိုးထပ်တိုးချဲ့ဆောင်၌ အဆောက်အဦ အထူးအဖွဲ့(၁၅)က တာဝန်ရှိသူများ၊ ပြည်သူ့ဆေးရုံကြီး(ပုသိမ်မြို့)မှ ဆေးရုံအုပ်ကြီး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကိုးထပ်တိုးချဲ့ဆောင်သစ်ကို ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စွမ်းအားပြည့်အသုံးပြုနိုင်ရေး ထိထိရောက်ရောက်စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။


ယင်းနောက် အဆောက်အဦအထူးအဖွဲ့(၁၅)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက တိုးချဲ့ဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ ဆေးရုံအုပ် ကြီးဒေါက်တာကျော်ဇင် နှင့်တာဝန်ရှိသူများက ဆေးရုံကြီးအချိန်မီဖွင့်လှစ်နိုင်ရေး ကဏ္ဍအလိုက်လုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်းရှိ လူနာခန်းများ၊ ခွဲစိတ်ခန်းများ၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ကွန်ပျူတာဓာတ်မှန်ခန်းများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)