ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 


MNP - အောက်တိုဘာ   ၁


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်က  လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များစပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊အဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီသိန်း က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကိုဗစ်ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းပေးစေလိုကြောင်း၊ လုံခြုံရေးဂရုစိုက်ရန်မှာကြားပြီး မြို့နယ်ဆရာဝန်ကြီးကကိုဗစ်ပိုးတွေ့လူနာ(၄)ဦး ရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းလိုကြောင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှလည်း နမ့်ဆန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားစုစုပေါင်း (၂၀၂)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၆၀၆၀၀၀၀)/- သိန်းခြောက်ဆယ်ခြောက်ထောင်ကျပ်တိတိကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းကလက်ခံရယူပြီး အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)