နမ့်ခမ်းမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သီတင်းကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

နမ့်ခမ်းမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သီတင်းကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

 

44


MNP - အောက်တိုဘာ  ၁၇


မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သီတင်းကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီအချိန်က နမ့်ခမ်းမြို့ရှိ မြို့လယ် မဟာမြတ်မုနိ ဘုရားကျောင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


နမ့်ခမ်းမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာများရှိ ဒေသခံပြည်သူများက နှစ်စဉ် သီတင်းကျွတ်လဆုတ်(၈)ရက်နေ့တွင် ကျရောက်သည့် ဥပုဒ်နေ့သည်  နှစ်စဉ်ကျင်းပလေ့ရှိသည့် သီတင်းကျွတ်ပွဲခေါ် (ပွဲဆောင်းဆမ်)ကို မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာများ၏ ဘုန်းတော်ကြီး ကျောင်းရှိ ရာတော် သံဃာတော်များ ပူဇော်ကန်တော့ခြင်း၊ ဆွမ်း ဆန် စိမ်း လောင်းလှူပွဲကျင်းပခြင်း၊ သက်ကြီးရွယ်အို အဘိုးအဘွားများ ကန်တော့ခြင်းနှင့် တစ်မြို့နှင့်တစ်မြို့၊ ကျေးရွာ တစ်နှင့်တစ်ရွာ လှည့်လည်ပူဇော်ကန်တော့ခြင်းနှင့် ရိုးရာဓလေ့ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲများ နှစ်စဉ်ကျင့်ပလျက် ရှိသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ကျရောက်သည့် သီတင်းကျွတ်လဆုတ် (၈)ရက် ဥပုဒ်နေ့သည် နမ့်ခမ်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ မြို့လယ်မဟာမြတ်မုနိ ဘုရားကျောင်း၌ သံဃာတော်များ ပင့်ဖိတ်၍ ငါးပါးသီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင် ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများက သံဃာတော်များကို ဆန်၊ ဆေး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။


သတင်း - ဘဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages