ဝေါမြို့နယ်ရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ ပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်ရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ ပြည်သူများဖြင့် စည်ကား





MNP - အောက်တိုဘာ   ၉


၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊  အောက်တိုဘာ ၉ ရက်နေ့တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်ရှိ  ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး၊ အပန်းဖြေနေရာများ၌လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ဝေါမြို့၊ သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး အပါအဝင် မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီဖူးမြော် ကြည်ညိုကုသိုလ်ယူကြသည်။

အလားတူ မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွား ရောက်သူများဖြင့် စည်ကားလျက်ရှိပြီး၊ အလိုတော်ပြည့် မင်္ဂလာကန်နှင့် ပန်းခြံများ၊ အပန်းဖြေဥယျာဉ်များ၌လည်း အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


သတင်း - စိုးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)