MNP - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၀၀)အချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဒေါ်ဥမ္မာကြည်က အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှု တာဝန်ကို ယူထားရသော ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန်ခွဲမှုသည် အလွန်အရေးပါသောကြောင့်၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်ကျော်ဇော သင်တန်းအား ဆက်လက်သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၄၂)ဦး တက်ရောက်ခဲ့ကာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ပညာရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်း ဘာသာရပ်များကို ၂၉.၁၀.၂၀၂၂ ရက်နှင့် ၃၀.၁၀.၂၀၂၂ရက်၊ (၂)ရက်ကြာ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သတင်းရသည်။
သတင်း - သက်မင်းဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment