လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး




MNP - အောက်တိုဘာ   ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက်(၉)လမှ(၅)နှစ်အထိ ကလေးများငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၄)လမှ(၂)နှစ်အထိကလေးငယ်များအား ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်စ်ကိုသယ်ဆောင်လာသည့် ခြင်ကိုက်ခံရပါက ဂျပန်ဦးနှောက်ရောင်ရောဂါကူးစက်မှုဖြစ်ပွားစေသည့်အတွက် ရပ်ကွက်အတွင်းရှိကလေးများအား အဆိုပါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့်ကလေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များတွင် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)