MNP - အောက်တိုဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၆)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၃)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၃)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၈)၊ လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၁၀)ဆင်းပွဲကို စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းများတွင် ထူးချွန်ဆုရ သင်တန်းသားများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို (၂၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာဖြင့် အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ရာသင်တန်းသား (၄၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment