မိတ္ထီလာ၌ မြန်မာ့သိုင်းနည်းပြမွမ်းမံသင်တန်း (၁/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ မြန်မာ့သိုင်းနည်းပြမွမ်းမံသင်တန်း (၁/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၈


မိတ္ထီလာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့သိုင်းနည်းပြမွမ်းမံ သင်တန်း (၁/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ပေါက်ချောင်း ရပ်ကွက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရှေးဦးစွာသင်တန်းနည်းပြဆရာ ဦးတင်မောင်ဆွေထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ကို ခရိုင်အားကစားနှင့် ကာပညာကော်မတီ အတွင်းရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ပေးအပ် သည်။ ဆက်လက်၍ မြန်မာ့သိုင်းနည်းပြမွမ်းမံသင်တန်းသို့ တက်ရောက်ခဲ့ကြသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို သင်တန်း နည်းပြဆရာ ဦးတင်မောင်ဆွေ မန္တလေးတိုင်း ဒေသကြီး ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေး၊ ဒေါက်တာသိန်းသန်းထွန်း(ဆေးပညာရှင်)၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးခိုင်မင်းဦးတို့က အသီးသီးပေးအပ်ချီးမြှင့်သည်။ ထိုနောက် မိတ္ထီလာမြို့သိုင်း ဆပ်ကော်မတီဝင်များနှင့် သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများက တစ်ဦးချင်း မြန်မာ့သိုင်းကစား ကွက်များကို သရုပ်ပြကစားပြကြပြီး တာဝန်ရှိသူများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာ့သိုင်း နည်းပြ မွမ်းမံသင်တန်း (၁/၂ဝ၂၂) ကို စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း- ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)